ရတနာသုံးပါးအား၊ဦးထိပ်ပန်ဆင်၍၊မိဘနှစ်ပါးနှင့်ကျေးဇူးရှင်သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်းနှင့်မိမိအားအိန္ဒိယနိုင်ငံသို့ပညာသင်သွားရောက်နိုင်ရန်အစမှအဆုံးထိမေတ္တာစေတနာဖြင့်အစစအရာရာကူညီပေးခဲ့သောဒေါက်တာအရှင်စန္ဒိမာနှင့် ဒေါက်တာအရှင်လာဘသာမိတို့အားကျေးဇူးအထူးတင်ကြောင်းဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ (ရ.၈.၂၀၀၆)

Tuesday 28 June 2011

သံဝေဇနိယ လေးဌာနနဲ့ သံဝေဂ ရစရာများ

ဇာနည်မာန်
ဗုဒ္ဓမြတ်စွာ ပွင့်တော်မူတဲ့ အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်ထဲက ဂယာဆိုတဲ့ နေရာဒေသဟာ ဗုဒ္ဓဘာသာဝင်တွေအဖို့ ဗုဒ္ဓဂယာ ဘုရားဖူးသွားကြစို့လို့ ရည်မှန်းကြရတဲ့ မြို့လေးပါ။ ဗုဒ္ဓပွင့်ခဲ့တဲ့ မဟာဗောဓိညောင်ပင်ဟာ ဂယာနဲ့နီးနီးကပ်ကပ်ရှိနေလို့ ဒီနေရာ နှစ်ခုကို ပေါင်းစပ်ပြီးတော့ ဗုဒ္ဓဂယာလို့ ခေါ်ကြတာကို ၁၈ ရာစုကနေ စတင်ခဲ့တယ်လို့ သိရပါတယ်။ ရှေးယခင်ကတော့ မဟာဗောဓိပင်ရှိရာမြေလို့ အဓိပ္ပာယ်ရတဲ့ ဗောဓိမဏ္ဍ လို့ ခေါ်ကြပါတယ်။ကမ္ဘာတ၀န်းက ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားကြတဲ့၊ ရှေးဟောင်းယဉ်ကျေးမှု စိတ်ဝင်စားသူတွေ လာရောက်ကြတဲ့ နေရာတခုဆိုပေမယ့် အိန္ဒိယရဲ့အပူဒဏ်လွန်ကဲတဲ့ ဒေသမှာရှိတာမို့ အခုလို နွေရာသီကို ရောက်လာပြီဆိုရင် ဆောင်းတွင်း ကာလ တွေတုန်းက အရောင်စုံဧည့်သည်တွေနဲ့ စည်ကားနေတတ်တဲ့ ဂယာဟာ နေရောင်ပြင်းပြင်း၊တံလျှပ်တွေနဲ့ ဖုန်တလုံး လုံးအောက်မှာ ခြောက်သွေ့တဲ့အသွင်အပြင်တွေဘက်ကို ပြောင်းလို့လာနေပါတယ်။
ဗုဒ္ဓကျမ်းဂန်တွေမှာ ဖတ်ရဖူးတဲ့ တောက်ပသော နီလာရောင် ပြာသောအဆင်းနဲ့ နီလဇလံ မြစ်ဆိုတဲ့ နိရဉ္ဇရာမြစ်ကြီးဟာလည်း ရေတစက်မှ မရှိ၊ သဲတွေအတိဖြစ်နေပေမယ့် နေပူဒဏ်မကြောက်တဲ့ အိန္ဒိယတိုင်းသား ကလေးငယ်လေးတွေကတော့ ဘုရားဖူးရာသီလက်ကျန် ခရီးသွား တယောက်တလေဆီက စွန့်ကြဲပေးလှူမယ့်ငွေအကြွေလေးတွေ ရနိုးနိုးနဲ့ ဗုဒ္ဓပွင့်တော်မူရာ မဟာဗောဓိ စေတီတော်ဝင်းအတွင်းမှာ စောင့်မျှော်နေကြဆဲပါ။ချိုင့်ဝှမ်းလေးတခုထဲမှာ ရှိနေတဲ့ မဟာဗောဓိ စေတီတော်ရင်ပြင်မှာတော့ညနေ၄ နာရီအချိန်ဖြစ်နေတာတောင် ခြေချမရနိုင် လောက်အောင် ပူလွန်းလှပါတယ်။ ဘုရားဖူးတွေနဲ့ စည်ကားလေ့ရှိတတ်တဲ့ ညနေ ၆နာရီလောက်မှာတော့ နီညိုရောင် ယောဂီ ၀တ်စုံနဲ့ မြန်မာဘုရားဖူးတွေ၊ မီးခိုးရောင်ဝတ်စုံတွေနဲ့ ဗီယက်နမ် သီလရှင်တွေ၊ အဖြူရောင် ယောဂီဝတ်စုံနဲ့ ထိုင်းဘုရားဖူးတချို့၊ရိုးရာဝတ်စုံနဲ့ တိဘက်ဘုရားဖူးတချို့ တဖွဲဖွဲရောက်လာကြပြီး ဘုရားဝတ်ပြုကြတာကို တွေ့ရပါတယ်။ စေတီတော် ပရ၀ုဏ် အထဲမှာတော့ သစ်ရိပ်တွေ ရှိနေပေမယ့် ပူလောင်နေဆဲပါပဲ။ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်အတွက် အကောင်းဆုံးအချိန်တွေဟာ စက်တင်ဘာကနေ ဒီဇင်ဘာလဆန်းနဲ့ ဖေဖော်ဝါရီ လကုန်ပိုင်း လောက်ကနေ သင်္ကြန်မတိုင်ခင် ဧပြီလဆန်းအထိကာလတွေပါ။ ကျန်တဲ့အချိန်တွေကတော့ ပူလွန်းအေးလွန်းတာကြောင့် ဘုရား ဖူး တွေအတွက် သက်သောင့်သက်သာ မရှိလှပါဘူး။
ဗုဒ္ဓဂယာဘုရားဖူး ခရီးစဉ်ကို မြန်မာပြည်ကနေ ပို့ဆောင်ပေးနေတဲ့ လုပ်ငန်းတွေကတော့ သာသနာရေး ဦးစီးဌာန လက်အောက် ခံအဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ အောင်ချမ်းသာ၊ ရန်ကုန်နဲ့ အခြားကိုယ်ပိုင်လုပ်ငန်းတွေကတော့ ဒါနတိုး၊ မဟာတိုး၊ နီလာတိုး၊ ရွှေမဟာ၊ မိဂဒါဝုန်၊ အောင်ပန်း၊ မဇ္ဈိမဂုဏ်၊ ကျော်အောင်စံထား၊ သမ္မတ၊ ရွှေမှီ၊ ရွှေမဂ္ဂင်၊ ပိတောက်ရွှေဝါ စတာတွေပါ။အိန္ဒိယနိုင်ငံက မြန်မာ ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာထုတ်ပေးတာကြောင့် ဗီဇာရယူဖို့လွယ်ကူလာတာအပြင်ရန်ကုန်ကနေဂယာတိုက်ရိုက်ပြေးဆွဲပေးနေတဲ့အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း(MAI)က ခရီးစဉ်တွေဆွဲပေးလာတာတွေ၊အဲမန္တလေး ကလည်း ရန်ကုန်-ဂယာ၊ မန္တလေး-ဂယာ တိုက်ရိုက်ခရီးစဉ်တွေ တိုးချဲ့လာတာတွေကြောင့် ဒီ ၂၀၁၀-၂၀၁၁ ဘုရားဖူး ရာသီမှာကတော့ လာမယ့် မေလကုန်အထိ ဘုရားဖူးခရီးစဉ်တွေရှိနေဦးမယ်လို့ သိရပါတယ်။ ဒီလိုခရီးစဉ်တွေ တိုးချဲ့လာပြီး ဘုရားဖူးတွေ ဂယာကို နှစ်စဉ်နဲ့အမျှ တိုးများလာတာ ကောင်းပေမယ့် အဓိကဖြစ်တဲ့ ရာသီဥတု အခြေအနေနဲ့ လမ်းခရီးမှာ တွေ့ကြုံရနိုင်တာတွေကို တင်ကြိုရှင်းပြမထားတတ်တဲ့ ၀ိသမလောဘ စီးပွားရေးလုပ်ငန်းရှင်တချို့ကြောင့် ဘုရားဖူးတွေ ဒုက္ခရောက်ကြရတယ်လို့ ဂယာက မြန်မာရဟန်းတော်တပါးက ဧရာဝတီကို မိန့်ပါတယ်။အိန္ဒိယရဲ့ မိုးခေါင်ရေရှားရပ်ဝန်းက ဂယာရဲ့ နေ့လယ်ခင်း အပူချိန်က အနည်းဆုံး ၃၅ ဒီဂရီ စင်တီဂရိတ်ကနေ ၄၁ ဒီဂရီ စင်တီ ဂရိတ် အထိ ရှိနေတာပါ။ ဒီလို ပူပြင်းတဲ့အထဲ ခရီးပန်းတာနဲ့ ပေါင်းလိုက်မိတော့ မြန်မာဘုရားဖူးအဖွဲ့တွေက သက်ကြီးရွယ်အို တွေ သေဆုံးတာ၊ အပူရှပ်ပြီး နေထိုင်မကောင်းဖြစ်တာတွေ ရှိလာတယ်လို့ ဆရာတော်က မိန့်ပါတယ်။ “ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့က ဒေါ်ငြိမ်းတင် (၆၈)နှစ်ဟာ သာဝတ္တိမှာ ဆုံးသွားတယ်။ နေ့လယ် ၁ နာရီခွဲလောက်က။ နေပူထဲ ဘုရားဖူးပြန်လာပြီး နားနေတုန်း ရှော့ခ်ဖြစ်သွားတာ။နောက်တယောက်ဆိုလည်း ကာလကတ္တားမှာ အဲ့ဒီလိုပဲ ပူပြီး ရှော့ခ်ရ တော့ ဦးနှောက်ခွဲစိတ်တာတွေ လုပ်လိုက်ရတယ်” လို့ ဆရာတော်ကဗုဒ္ဓဂယာ ဘုရားဖူးလို့ အများသိကြတဲ့ ဘုရားဖူး ခရီးစဉ်မှာ ဗုဒ္ဓဖွားမြင်ရာနေရာ နီပေါနိုင်ငံ လုမ္ပီနီ၊ ဂယာအနီးနားဝန်းကျင်မှာရှိတဲ့ တရားကျင့်ရာ ဥရုဝေလတော၊ သဗ္ဗညုတ ဉာဏ် ရရာ မဟာဗောဓိညောင်ပင်နေရာ၊ဓမ္မစကြာ တရားဦးဟောရာ ဗာရာဏသီမြို့အနီးက မိဂဒါဝုန်တောနေရာ၊ ကုသိနာရုံမြို့က ပရိနိဗ္ဗာန်စံရာ နေရာဆိုတဲ့ သံဝေဇနိယ လေးဌာနကိုအဓိကထားသွားကြပါတယ်။ ဒီနေရာ လေးဌာနဟာ တနေရာနဲ့ တနေရာ အနည်းဆုံး မိုင်၃၀ကနေ မိုင် ၁၅၀ ကျော်အထိကွာဝေးပါတယ်။ ဒီခရီးကို ဘတ်စ် ကားတွေနဲ့သာ သွားကြရပါတယ်။ အိန္ဒိယနိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးတယ်ဆိုပေမယ့် ဗုဒ္ဓဂယာ ဘုရားဖူးသွားရာ လမ်းတလျှောက် မှာတော့ ချိုင့်ခွက်တွေ၊ ကတ္တရာအပြည့်မရှိတဲ့ အဝေးပြေးကားလမ်းတွေရယ်၊ မပြည့်စုံတဲ့ လေး၊ ရှော့ဘားတွေ၊ သက်သောင့် သက်သာမရှိတဲ့ ထိုင်ခုံတွေ၊ ပုံမှန်အလုပ်မလုပ်တဲ့ လေအေးပေးစက်တွေနဲ့ အငှားလိုက်ဘတ်စ်ကားတွေကိုသာ ဘုရားဖူးအဖွဲ့တွေ အားထားနေကြရတာပါ။လမ်းမကောင်းတာရယ်၊ကားမကောင်းတာရယ်၊မဆင်မခြင်မောင်းနှင်လေ့ရှိတဲ့ ဒေသခံ ကားသမားတွေရယ်ကြောင့် ယာဉ် တိုက်မှုဖြစ်လို့ ဘုရားဖူးတွေ ဒဏ်ရာအနာတရဖြစ်တာ၊ အသက်ဆုံးရှုံးရတာတွေကိုလည်း မကြာခဏ ကြားရလေ့ရှိပါတယ်။ ဘုရားဖူးအဖွဲ့တွေမှာ လိုက်ပါလာတဲ့သူအများစုဟာ အသက် ၅၀ နဲ့အထက် သက်ကြီးရွယ်အိုတွေပါဝင်လေ့ရှိတာကြောင့် ဒီလို အပူလွန်ကဲတဲ့ ရာသီဥတုမျိုးမှာ လေယာဉ်ပေါ်ကနေ ဂယာလေဆိပ်ကိုဆင်းတာနဲ့ အပူဒဏ်ကို ရုတ်တရက်ခံစားကြရပြီး မူးမော်သူတွေလည်း ရှိကြတယ်လို့ ဆိုပါတယ်။
ဆရာတော်က “ဒီအချိန်က ချောက်၊ ရေနံချောင်း ပူတာထက်ကို ပိုတာ။ နေထွက်တာနဲ့ ပူ။ နွေရောက်လာလေလေ ပိုပူလေလေ ပဲ။ ဒီအချိန် မလာသင့်တော့ဘူးဆိုတာ ဘုရားဖူးတွေက မသိကြဘူး။ အဆင်ပြေတယ်ပဲ ထင်ကြတာ။ ဒါကို ဘုရားဖူးလုပ်ငန်း လုပ်နေသူတွေက ဘုရားဖူးရပြီးရော၊ ငွေရပြီးရော မလုပ်ဘဲ သေချာရှင်းပြ ပြောပြသင့်တယ်”လို့ မိန့်ပါတယ်။ ပုံမှန်အားဖြင့် သံဝေဇနိယ လေးဌာနကို ခရီးတပတ် ပတ်ဖို့မှာ ၁၀ ရက်အထက်အချိန်ပေးရင် ဘုရားဖူးတွေလည်း သက်သောင့်သက်သာနဲ့ အေးအေးဆေးဆေး ဘုရားဖူးနိုင်ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒေလီမြို့နဲ့ ကာလကတ္တားမြို့ကိုပါ ခရီးစဉ်မှာ အပြိုင်အဆိုင် ထည့်သွင်းလာတာကြောင့် ခရီးစဉ်တခုကို ၁၅ရက်ကနေ ၁၈ ရက်အထိ ကြာမြင့်လာတယ်လို့ ဆရာတော်က မိန့်ပါတယ်။ဆရာတော်က “ဒေလီတွေ၊ ကာလကတ္တားတွေကို တဖွဲ့နဲ့ တဖွဲ့ သာအောင် အပြိုင်ဆိုင်ထည့်လာကြတာ။ ရက်တိုနဲ့တမျိုး၊ ရက်ရှည်တမျိုး။ ခရီးတွေ ရှည်ပြီး ဘုရားဖူးတွေ ပင်ပန်းတာပဲ အဖတ်တင်တယ်။ အခုလို ပူတဲ့အချိန်ဆို ပိုဆိုးတာပေါ့”လို့ မိန့်ပါတယ်။ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့တချို့ရဲ့ မြန်မာနိုင်ငံမှာတုန်းက ကြော်ငြာထားတဲ့ တည်းခိုနေထိုင်စရာ၊စားရေးသောက်ရေးစတဲ့ ၀န်ဆောင်မှုတွေနဲ့ တကယ့်လက်တွေ့မှာ ကွာခြားနေတာတွေ၊ အဖွဲ့တွင်းမှာပါလာတဲ့ အရေးကြီးပုဂ္ဂိုလ်တွေနဲ့ ခွဲခြားဆက်ဆံ ခံရတာတွေ၊ ခရီးစဉ်မှာပါတဲ့ နေရာတွေအတိုင်း မပို့ပေးတာတွေကြောင့် ဘုရားဖူးတွေနဲ့ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့တွေအကြား မပြေမလည်ဖြစ်ရတာတွေကလည်း ဒုနဲ့ဒေးပါပဲ။နိုင်ငံရပ်ခြားကို ဘုရားဖူးထွက်တယ်လို့ ပြောတဲ့အခါ အများစု အမြင်မှာက ကြီးကျယ်ခမ်းနားတဲ့ ဟိုတယ်၊တည်းခိုခန်း၊ ကောင်း မွန်တဲ့ စားသောက်ဖွယ်ရာတွေ၊ သက်သောင့်သက်သာရှိမယ့် ကားကြီးတွေနဲ့ သွားလာရမယ်လို့ တွက်ဆထားကြပေမယ့် အမှန် တကယ်မှာတော့ သံဝေဇနိယ လေးဌာနမှာ တည်ထားတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုရတာ၊ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့က စရိတ်ချွေတာစီမံလိုက်တဲ့ အစားအသောက်တွေနဲ့ အဆင်မပြေဖြစ်ရတဲ့အခါမှာတော့ စိတ်ချမ်းမြေ့စရာမရှိတဲ့ ဘုရားဖူးခရီးစဉ် ဖြစ်သွားရတယ်လို့ ဘုရားဖူးတယောက်က ဆိုပါတယ်။သူက“ခရီးစဉ်ကိုဝယ်တုန်းက သူတို့ပြောတာနဲ့ လက်တွေ့ကြုံရတာတွေက တခြားစီဖြစ်နေတယ်။ အဖွဲ့မှာ လူကများလွန်းတော့ ဘုရားဖူးလည်း ပုဆိန်ပေါက်ပဲ။ အကုန် သွားသုတ်သုတ်၊ စားသုတ်သုတ်နဲ့ဆိုတော့ စိတ်ရောလူရော အနားမရဘူး။ခရီးဝေးတော့လမ်းမှာစားဖို့ ထည့်ခဲ့တာတွေကလည်း အဆင်မပြေတာများတယ်။ကားကလည်း သက်သောင့်သက်သာမရှိတော့ ပင်ပန်းတယ်”လို့ပြောပြပါတယ်။ဘုန်းတော်ကြီးကျောင်းတွေမှာတည်းခိုရမယ်၊အခြားသူတွေနဲ့အတူတွဲနေရမယ်ဆိုတာ သူ့အနေနဲ့ သိနားလည်ထားပေမယ့် ဘုရားဖူးခရီးစဉ်တလျှောက် တခြားဘုရားဖူးအဖွဲ့တွေကလည်း တော်တော်များများရှိနေ၊ သူတို့ရဲ့အဖွဲ့လည်း လူ ၁၀၀ ကျော် ပါလာတာမို့ စိတ်ကျဉ်းကြပ်ရတယ်လို့ သူကဆိုပါတယ်။

JAMMU&KISHMIR အမှတ်တရနေ့များ


Monday 27 June 2011

"အိုကာလာမတို့"

(၁) တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂)သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်းအဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

A Collaboration Between Science and Religion

  These are times when destructive emotions like anger, fear and hatred are giving rise to devastating problems throughout the world. While the daily news offers grim reminders of the destructive power of such emotions, the question we must ask is, what can we do to overcome them? Of course such disturbing emotions have always been part of the human condition - humanity has been grappling with them for thousands of years. But I believe we have a valuable opportunity to make progress in dealing with them, through a collaboration between religion and science. 

ABOUT ME

I AM ALSO WANTED TO KNOW THAT.

တောသားစစ်စစ်။
မိဘအလုပ်- ထန်းတက်။
ပညာ- သူငယ်တန်း ဒုတိယနှစ်။
ဆက်သွယ်ရန်။ ရွာဦး ဘုန်းကြီး။ထာဝရပျော်ရွှင်ချမ်းမြေ့ နိုင်ကြပါစေJ&KS







Sunday 26 June 2011

ဂျမူးတက္ကသိုလ်၏ (ဒေါက်တာဘွဲ့) အတွက်လိုအပ်သော စာရွက်စာတမ်းများ


 ဂျမူးမြို့သည် နယ်စပ်မြို့ကလေးဖြစ်ပါသည်။ ရာသီဥတုလည်း အခြားသောမြို့များထက် သာယာလှပသည်  တောင်ပေါ်မြို့ကလေးဖြစ်သည်တက္ကသိုလ်၏ အနောက်ဘကအရပ်တွင်ဂျမူးတာဝီမြစ်ရှိသည်။အရှေ့ဘက်အရပ်၊တောင်ဘက်အရပ်နှင့် မြောက်အရပ် နယ်စပ် လုံခြုံရေး အတွက် တာဝန်ကျနေသော စစ်တပ်စခန်းများ၊ လေတပ်စခန်းများ၊ တပ်စခန်းများစွာရှိသည်။ဒါပေမဲ့မိမိသွားလိုသောနေရာကိုလွတ်လွတ်လပ်လပ်သွားလာနိုင်သည်။(Freedom)။

Saturday 25 June 2011

ဓမ္မခရီးသွားမှတ်တမ်း

တရားတစ်ပွဲ ထိုင်းနိုင်ငံရောက်ခဲ့စဉ်၂၀၀၉



တရားတော်နာယူကြသောသူများ။



အိန္ဒိယနိုင်ငံ၌ Gujarat ပြည်နယ် ခရီးသွားခဲ့စဉ်က အိန္ဒိယလူမျိုး ဗုဒ္ဓဘာသာများအား တရားဟောဖြစ်ခဲ့စဉ်။


အိန္ဒိယနိုင်ငံ၌ Gujarat ပြည်နယ် ခရီးသွားခဲ့စဉ်က အိန္ဒိယလူမျိုး ဗုဒ္ဓဘာသာများ တရားနာယူခဲ့ကြ။(ဘာသာပြန် Dr Radid ).

အိန္ဒိယနိုင်ငံ၌ Gujarat ပြည်နယ်သို့ ခရီးသွားခဲ့စဉ်က အိန္ဒိယလူမျိုး ဗုဒ္ဓဘာသာများနှင့်အမှတ်တရ။
အိန္ဒိယနိုင်ငံ၌ Gujarat ပြည်နယ် ခရီးသွားခဲ့စဉ်က အိန္ဒိယလူမျိုး ဗုဒ္ဓဘာသာမိသားစုများအား တရားဟောခဲ့။

အိန္ဒိယနိုင်ငံ၌ Gujarat ပြည်နယ် ခရီးသွားခဲ့စဉ်က အိန္ဒိယလူမျိုး ဗုဒ္ဓဘာသာများ တရားတော်ကို နာယူနေကြစဉ်။

ညတရာပွဲ၊ အိန္ဒိယနိုင်ငံ၌ Gujarat ပြည်နယ် Portalမြို့ ဓမ္မခရီးသွားခဲ့စဉ်က အိန္ဒိယလူမျိုး ဗုဒ္ဓဘာသာများအား ညတရားဟောခဲ့စဉ်။(ဘာသာပြန် Dr Radid ).
        အိန္ဒိယလူမျိုး ဗုဒ္ဓဘာသာများ တရားတော်ကို နာယူစဉ်။(ဘာသာပြန် Dr Radid ).

        အိန္ဒိယလူမျိုး ဗုဒ္ဓဘာသာအမျိုးသားများ တရားတော်ကို နာယူကြသောစဉ်(ဘာသာပြန် Dr Radid )။

Friday 24 June 2011

24 kinds of Patthana English and Myanmar.

1= ဟေတု ပစ္စယ=The relation way of root.
2=အာရမ္မဏ ပစ္စယ=The relation of object.
3=အဓိပတိပစ္စယ=The relation of dominance. 
4=အနန္တရ ပစ္စယ=The relation of contiguity.
5=သမနန္တရ ပစ္စယ=The relation of immediate contiguity.

ABOUT LADAKH အကြောင်း

      Ladakh is a land like no other. Bounded by two of the world's mightiest mountain ranges, the Great Himalaya and the Karakoram, it lies athwart two other, the Ladakh range and the Zanskar range. In geological terms, this is a young land, formed only a few million years ago by the buckling and folding of the earth's crust as the Indian sub-continent pushed with irresistible force against the immovable mass of Asia. Its basic contours, uplifted by these unimaginable tectonic movements, have been modified over the millennia by the opposite process of erosion, sculpted into the form we see today by wind and water.

Wednesday 22 June 2011

UNIVERSITY OF JAMMU၏ ဓာတ်ပုံများ















University of Jammu တက္ကသိုလ်ကြီးတွင် မဟာဌာန(Faculties) ၁၁ခုနှင့်၄၁(Departments) ဌာနများရှိပါသည်။

1-Faculty of Life Sciences.
     1-School of Biotechnology
     2-Department of Botany
    3- Department of Environmental Science
    4-Department of Zoology.



Welcome to Jammu city.


  The city of Jammu, besides being the winter capital of the state, is also known as the city of temples. It is believed that Raja Jamboo Lochan originally founded the city in the 14th century. 

Tuesday 21 June 2011

အမှတ်တရ ဓာတ်ပုံများ ၂၀၀၁၁ခုနှစ်

အမှတ်တရ ဓာတ်ပုံများ ၂၀၀၉ခုနှစ်


Kashmiriလူမျိုးများ၏ အကြောင်း

      According to historians, the ancestors of Kashmiris are early immigrants from India proper. With the spread of Buddhism, many scholars came to Kashmir from far-off lands for research and study. The contact of Kashmiris with the Roman, Greek and Persian civilizations resulted into a fusion of cultures. Most of the people claim their descent from the Indo-Aryan stock but one can easily find people belonging to diverse and different races inhabiting Kashmir with distinct looks, dresses, food habits, customs, speech and traditions.

Experience it for yourself.

    You may well doubt, you may will be uncertain. Don't accept anything because it is the authoritative tradition, because it is often said, because of rumor or hearsay, because it is found in the scriptures, because it agrees with a theory of which one is already convinced, because of the reputation of an individual, or because a teacher said it is thus and thus. But experience it for yourself. (Kalama Sutta, The Buddha).

Monday 20 June 2011

2.BANARAS HINDU UNIVERSITY(BHU) BIOအကျဉ်း

           တက္ကသိုလ်စတင်တည်ထောင်သောနှစ်-၁၉၁၆ ခုနှစ်ဖြစ်ပါသည်။
တက္ကသိုလ်၏ အကျယ်မှာ-ဧက ၂၇၆၀ ကျယ်ပါသည်။
  တက္ကသိုလ်စတင်တည်ထောင်သောနေရာ-ဗာရာဏသီမြို့၊ 
BHU,တက္ကသိုလ်ကြီးတွင် တက္ကသိုလ်ကြီး၏ မဟာဌာန(Faculties) ၁၆ခုနှင့် ၁၄၀(Departments)ဌာနခုရှိသည်။(BHU),တက္ကသိုလ်ကြီး၌သုသေသနပညာရှင်ကျောင်းသား(Researchscholar)၂၅၀၀ကျော်နှင့်နိုင်ငံသားခြားကျောင်းသားပေါင်း၆၅၀ယောက်နှင့်လူမျိုးပေါင်း၃၄မျိုးတက္ကသိုလ်ကြီးတွင်အဆင့်မြင့်ပညာရပ်များကိုလေ့လာနေကြသည်။မိမိတို့အသေးစိတ်သိလိုပါကWbesiteတွင်လေ့လာနိုင်ပါသည်။(http://www.bhu.ac.in).မိမိတင်လိုက်တဲ့အကြောင်းအရာများသည်မသိတဲ့သူမရှိသလောက်ဘဲထင်ပါသည်။မသိသေးသောသူများကိုမျှဝေလိုက်ပါသည်။

Sunday 19 June 2011

 BANARAS HINDU UNIVERSITY (BHU),တက္ကသိုလ်ကြီးသည် တက္ကသိုလ်ကြီးတွင် မဟာဌာန(Faculties) ၁၆ခုနှင့် ၁၄၀(Departments) ဌာနများရှိပါသည်။

Faculty of Arts

1.     Department of English
2.      Department of Hindi
3.      Department of Sanskrit
4.     Department of Pali and Buddhist Studies
5.      Department of Philosophy and Religion
6.      Department of Arabic

ဤBlog ကို ၁၇.၆.၂၀၁၁ စလုပ်ခဲ့သည်။
ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာဖြင့် ဘ၀ခရီးလမ်း လျှောက်လှမ်းနိုင်ကြပါစေ။

SSV OR SSU၏ BIO အကျဉ်း
တက္ကသိုလ်စတင်တည်ထောင်သောနှစ်၂၂.၃.၁၉၅၈ခုနှစ်။တက္ကသိုလ်စတင်တည်ထောင်သူ-The Then Chief Minister Dr Sampurnanand နှင့် Education Minister Pt.Kamlapati Tripathi တို့ဖြစ်ပါသည်။ စတင်တည်ထောင်သော နေရာ- ဗာရာဏသီမြို့။ တက္ကသိုလ် စတင်တည်ထောင်သော တက္ကသိုလ်အမည်-Varanaseya Snskrit Vishwavidyalayaဖြစ်ပါသည်။တက္ကသိုလ်စတင်တည်ထောင်သောမူရင်းတက္ကသိုလ်၏အမည်ကိုပထမဦးဆုံးပြောင်းခဲ့-Vice Chancellor(D.A.N.Jha)မှ(VaranaseSnskritVishwavidyalaya)တက္ကသိုလ်၏အမည်ကSampurnanand-Sanskrit-University)သို့၁၉၇၃.W..e.f.၁၆.၁၂ ၁၉ရ၄နှစ်တွင် ပြောင်းလွဲခဲ့သည်။
ဝန်ခံချက်
&&&&&&&&

မွေးကထဲကအများအတွက်လုပ်ဘူးတာပြောရရင်.......ရွာဦးဘုန်းကြီးကျောင်းမှာ နွား၂ရက်ကျောင်းဘူးခဲ့တယ်။ နောက်တစ်နေ့ နွားပျောက်သောကြောင့် အရိုက်ခံထိခဲ့သည်။ ယခုအထိ သတိရဆဲ။

မွေးကထဲကမိမိအတွက်လုပ်ဘူးတာပြောရရင်....ယခုအထိမိမိအတွက်သာ။
ပညာရေး.............................ကျောင်းသား(Schoolboy) သူငယ်တန်းတတိယနှစ်နဲ့ ကျောင်းထွက်ခဲ့ရ။ဒါပါပဲ။...ပျော်ရွှင်နိုင်ကြပါစေ။

Saturday 18 June 2011

Sampurnanad Sanskrit Vishvavidyalaya (SSV)တက္ကသိုလ်၏ မဟာဌာနနှင့် ဌာနများ


  SSV တက္ကသိုလ်သည်  မဟာဌာန(Faculties) ၅ခုနှင့် ၂၂  (Departments) ဌာနခုရှိသည်။ မိမိတို့လေ့လာလိုသောဌာနများကို သိရှိနိုင်ရန်မျှဝေလိုက်ပါသည်။ အသေးစိတ်သိရှိလိုပါက Websiteတွင်လေ့လာနိုင်သည်။

1=Veda-Vedanga Faculty ဌာနတွင်

A. Department of Veda.
B. Department of Dharma Shastra.
C. Department of Jyotisha (Astrology).             
D. Department of Vyakarana.
 ........................................................

Friday 17 June 2011

အိန္ဒိယနိုင်ငံ၌မြန်မာရဟန်းတော်များတက်ရောလေ့လာနေသော တက္ကသိုလ်အမည်များ ဖြစ်ပါသည်။


1=Name-University of Delhi. visit at- http://www.du.ac.in
*******************************************************

2=Name=Sampurnanand Sanskrit University.- visit at -http://ssvv.up.nic.in.
***************************************

 3 = Name Banaras Hindu University.- visit at http://www.bhu.ac.in.

*********************************