ရတနာသုံးပါးအား၊ဦးထိပ်ပန်ဆင်၍၊မိဘနှစ်ပါးနှင့်ကျေးဇူးရှင်သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်းနှင့်မိမိအားအိန္ဒိယနိုင်ငံသို့ပညာသင်သွားရောက်နိုင်ရန်အစမှအဆုံးထိမေတ္တာစေတနာဖြင့်အစစအရာရာကူညီပေးခဲ့သောဒေါက်တာအရှင်စန္ဒိမာနှင့် ဒေါက်တာအရှင်လာဘသာမိတို့အားကျေးဇူးအထူးတင်ကြောင်းဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ (ရ.၈.၂၀၀၆)

Monday 27 June 2011

"အိုကာလာမတို့"

(၁) တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂)သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်းအဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။


(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅)အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇)မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက်လာရောက်ဟောပြောချက်သည်မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉)လေးစားထိုက်သောလောကကဂရုပြုနေသည့်ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်ဟု ဘုရားရှင် မိန့်မှာတော်မူခဲ့သည်။ အဆွေ၏သဘောအတိုင်းသာ။ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ။
You may well doubt, you may will be uncertain. Don't accept anything because it is the authoritative tradition, because it is often said, because of rumor or hearsay, because it is found in the scriptures, because it agrees with a theory of which one is already convinced, because of the reputation of an individual, because a teacher said it is thus and thus .. But experience if for yourself. (The Lord Buddha) Ref.. Guidebook by dr thein lwin.

No comments:

Post a Comment