ရတနာသုံးပါးအား၊ဦးထိပ်ပန်ဆင်၍၊မိဘနှစ်ပါးနှင့်ကျေးဇူးရှင်သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်းနှင့်မိမိအားအိန္ဒိယနိုင်ငံသို့ပညာသင်သွားရောက်နိုင်ရန်အစမှအဆုံးထိမေတ္တာစေတနာဖြင့်အစစအရာရာကူညီပေးခဲ့သောဒေါက်တာအရှင်စန္ဒိမာနှင့် ဒေါက်တာအရှင်လာဘသာမိတို့အားကျေးဇူးအထူးတင်ကြောင်းဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ (ရ.၈.၂၀၀၆)
Showing posts with label KNOWLEDGE. Show all posts
Showing posts with label KNOWLEDGE. Show all posts

Tuesday, 28 June 2011

သံဝေဇနိယ လေးဌာနနဲ့ သံဝေဂ ရစရာများ

ဇာနည်မာန်
ဗုဒ္ဓမြတ်စွာ ပွင့်တော်မူတဲ့ အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်ထဲက ဂယာဆိုတဲ့ နေရာဒေသဟာ ဗုဒ္ဓဘာသာဝင်တွေအဖို့ ဗုဒ္ဓဂယာ ဘုရားဖူးသွားကြစို့လို့ ရည်မှန်းကြရတဲ့ မြို့လေးပါ။ ဗုဒ္ဓပွင့်ခဲ့တဲ့ မဟာဗောဓိညောင်ပင်ဟာ ဂယာနဲ့နီးနီးကပ်ကပ်ရှိနေလို့ ဒီနေရာ နှစ်ခုကို ပေါင်းစပ်ပြီးတော့ ဗုဒ္ဓဂယာလို့ ခေါ်ကြတာကို ၁၈ ရာစုကနေ စတင်ခဲ့တယ်လို့ သိရပါတယ်။ ရှေးယခင်ကတော့ မဟာဗောဓိပင်ရှိရာမြေလို့ အဓိပ္ပာယ်ရတဲ့ ဗောဓိမဏ္ဍ လို့ ခေါ်ကြပါတယ်။ကမ္ဘာတ၀န်းက ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားကြတဲ့၊ ရှေးဟောင်းယဉ်ကျေးမှု စိတ်ဝင်စားသူတွေ လာရောက်ကြတဲ့ နေရာတခုဆိုပေမယ့် အိန္ဒိယရဲ့အပူဒဏ်လွန်ကဲတဲ့ ဒေသမှာရှိတာမို့ အခုလို နွေရာသီကို ရောက်လာပြီဆိုရင် ဆောင်းတွင်း ကာလ တွေတုန်းက အရောင်စုံဧည့်သည်တွေနဲ့ စည်ကားနေတတ်တဲ့ ဂယာဟာ နေရောင်ပြင်းပြင်း၊တံလျှပ်တွေနဲ့ ဖုန်တလုံး လုံးအောက်မှာ ခြောက်သွေ့တဲ့အသွင်အပြင်တွေဘက်ကို ပြောင်းလို့လာနေပါတယ်။
ဗုဒ္ဓကျမ်းဂန်တွေမှာ ဖတ်ရဖူးတဲ့ တောက်ပသော နီလာရောင် ပြာသောအဆင်းနဲ့ နီလဇလံ မြစ်ဆိုတဲ့ နိရဉ္ဇရာမြစ်ကြီးဟာလည်း ရေတစက်မှ မရှိ၊ သဲတွေအတိဖြစ်နေပေမယ့် နေပူဒဏ်မကြောက်တဲ့ အိန္ဒိယတိုင်းသား ကလေးငယ်လေးတွေကတော့ ဘုရားဖူးရာသီလက်ကျန် ခရီးသွား တယောက်တလေဆီက စွန့်ကြဲပေးလှူမယ့်ငွေအကြွေလေးတွေ ရနိုးနိုးနဲ့ ဗုဒ္ဓပွင့်တော်မူရာ မဟာဗောဓိ စေတီတော်ဝင်းအတွင်းမှာ စောင့်မျှော်နေကြဆဲပါ။ချိုင့်ဝှမ်းလေးတခုထဲမှာ ရှိနေတဲ့ မဟာဗောဓိ စေတီတော်ရင်ပြင်မှာတော့ညနေ၄ နာရီအချိန်ဖြစ်နေတာတောင် ခြေချမရနိုင် လောက်အောင် ပူလွန်းလှပါတယ်။ ဘုရားဖူးတွေနဲ့ စည်ကားလေ့ရှိတတ်တဲ့ ညနေ ၆နာရီလောက်မှာတော့ နီညိုရောင် ယောဂီ ၀တ်စုံနဲ့ မြန်မာဘုရားဖူးတွေ၊ မီးခိုးရောင်ဝတ်စုံတွေနဲ့ ဗီယက်နမ် သီလရှင်တွေ၊ အဖြူရောင် ယောဂီဝတ်စုံနဲ့ ထိုင်းဘုရားဖူးတချို့၊ရိုးရာဝတ်စုံနဲ့ တိဘက်ဘုရားဖူးတချို့ တဖွဲဖွဲရောက်လာကြပြီး ဘုရားဝတ်ပြုကြတာကို တွေ့ရပါတယ်။ စေတီတော် ပရ၀ုဏ် အထဲမှာတော့ သစ်ရိပ်တွေ ရှိနေပေမယ့် ပူလောင်နေဆဲပါပဲ။ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်အတွက် အကောင်းဆုံးအချိန်တွေဟာ စက်တင်ဘာကနေ ဒီဇင်ဘာလဆန်းနဲ့ ဖေဖော်ဝါရီ လကုန်ပိုင်း လောက်ကနေ သင်္ကြန်မတိုင်ခင် ဧပြီလဆန်းအထိကာလတွေပါ။ ကျန်တဲ့အချိန်တွေကတော့ ပူလွန်းအေးလွန်းတာကြောင့် ဘုရား ဖူး တွေအတွက် သက်သောင့်သက်သာ မရှိလှပါဘူး။
ဗုဒ္ဓဂယာဘုရားဖူး ခရီးစဉ်ကို မြန်မာပြည်ကနေ ပို့ဆောင်ပေးနေတဲ့ လုပ်ငန်းတွေကတော့ သာသနာရေး ဦးစီးဌာန လက်အောက် ခံအဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ အောင်ချမ်းသာ၊ ရန်ကုန်နဲ့ အခြားကိုယ်ပိုင်လုပ်ငန်းတွေကတော့ ဒါနတိုး၊ မဟာတိုး၊ နီလာတိုး၊ ရွှေမဟာ၊ မိဂဒါဝုန်၊ အောင်ပန်း၊ မဇ္ဈိမဂုဏ်၊ ကျော်အောင်စံထား၊ သမ္မတ၊ ရွှေမှီ၊ ရွှေမဂ္ဂင်၊ ပိတောက်ရွှေဝါ စတာတွေပါ။အိန္ဒိယနိုင်ငံက မြန်မာ ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာထုတ်ပေးတာကြောင့် ဗီဇာရယူဖို့လွယ်ကူလာတာအပြင်ရန်ကုန်ကနေဂယာတိုက်ရိုက်ပြေးဆွဲပေးနေတဲ့အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း(MAI)က ခရီးစဉ်တွေဆွဲပေးလာတာတွေ၊အဲမန္တလေး ကလည်း ရန်ကုန်-ဂယာ၊ မန္တလေး-ဂယာ တိုက်ရိုက်ခရီးစဉ်တွေ တိုးချဲ့လာတာတွေကြောင့် ဒီ ၂၀၁၀-၂၀၁၁ ဘုရားဖူး ရာသီမှာကတော့ လာမယ့် မေလကုန်အထိ ဘုရားဖူးခရီးစဉ်တွေရှိနေဦးမယ်လို့ သိရပါတယ်။ ဒီလိုခရီးစဉ်တွေ တိုးချဲ့လာပြီး ဘုရားဖူးတွေ ဂယာကို နှစ်စဉ်နဲ့အမျှ တိုးများလာတာ ကောင်းပေမယ့် အဓိကဖြစ်တဲ့ ရာသီဥတု အခြေအနေနဲ့ လမ်းခရီးမှာ တွေ့ကြုံရနိုင်တာတွေကို တင်ကြိုရှင်းပြမထားတတ်တဲ့ ၀ိသမလောဘ စီးပွားရေးလုပ်ငန်းရှင်တချို့ကြောင့် ဘုရားဖူးတွေ ဒုက္ခရောက်ကြရတယ်လို့ ဂယာက မြန်မာရဟန်းတော်တပါးက ဧရာဝတီကို မိန့်ပါတယ်။အိန္ဒိယရဲ့ မိုးခေါင်ရေရှားရပ်ဝန်းက ဂယာရဲ့ နေ့လယ်ခင်း အပူချိန်က အနည်းဆုံး ၃၅ ဒီဂရီ စင်တီဂရိတ်ကနေ ၄၁ ဒီဂရီ စင်တီ ဂရိတ် အထိ ရှိနေတာပါ။ ဒီလို ပူပြင်းတဲ့အထဲ ခရီးပန်းတာနဲ့ ပေါင်းလိုက်မိတော့ မြန်မာဘုရားဖူးအဖွဲ့တွေက သက်ကြီးရွယ်အို တွေ သေဆုံးတာ၊ အပူရှပ်ပြီး နေထိုင်မကောင်းဖြစ်တာတွေ ရှိလာတယ်လို့ ဆရာတော်က မိန့်ပါတယ်။ “ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့က ဒေါ်ငြိမ်းတင် (၆၈)နှစ်ဟာ သာဝတ္တိမှာ ဆုံးသွားတယ်။ နေ့လယ် ၁ နာရီခွဲလောက်က။ နေပူထဲ ဘုရားဖူးပြန်လာပြီး နားနေတုန်း ရှော့ခ်ဖြစ်သွားတာ။နောက်တယောက်ဆိုလည်း ကာလကတ္တားမှာ အဲ့ဒီလိုပဲ ပူပြီး ရှော့ခ်ရ တော့ ဦးနှောက်ခွဲစိတ်တာတွေ လုပ်လိုက်ရတယ်” လို့ ဆရာတော်ကဗုဒ္ဓဂယာ ဘုရားဖူးလို့ အများသိကြတဲ့ ဘုရားဖူး ခရီးစဉ်မှာ ဗုဒ္ဓဖွားမြင်ရာနေရာ နီပေါနိုင်ငံ လုမ္ပီနီ၊ ဂယာအနီးနားဝန်းကျင်မှာရှိတဲ့ တရားကျင့်ရာ ဥရုဝေလတော၊ သဗ္ဗညုတ ဉာဏ် ရရာ မဟာဗောဓိညောင်ပင်နေရာ၊ဓမ္မစကြာ တရားဦးဟောရာ ဗာရာဏသီမြို့အနီးက မိဂဒါဝုန်တောနေရာ၊ ကုသိနာရုံမြို့က ပရိနိဗ္ဗာန်စံရာ နေရာဆိုတဲ့ သံဝေဇနိယ လေးဌာနကိုအဓိကထားသွားကြပါတယ်။ ဒီနေရာ လေးဌာနဟာ တနေရာနဲ့ တနေရာ အနည်းဆုံး မိုင်၃၀ကနေ မိုင် ၁၅၀ ကျော်အထိကွာဝေးပါတယ်။ ဒီခရီးကို ဘတ်စ် ကားတွေနဲ့သာ သွားကြရပါတယ်။ အိန္ဒိယနိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးတယ်ဆိုပေမယ့် ဗုဒ္ဓဂယာ ဘုရားဖူးသွားရာ လမ်းတလျှောက် မှာတော့ ချိုင့်ခွက်တွေ၊ ကတ္တရာအပြည့်မရှိတဲ့ အဝေးပြေးကားလမ်းတွေရယ်၊ မပြည့်စုံတဲ့ လေး၊ ရှော့ဘားတွေ၊ သက်သောင့် သက်သာမရှိတဲ့ ထိုင်ခုံတွေ၊ ပုံမှန်အလုပ်မလုပ်တဲ့ လေအေးပေးစက်တွေနဲ့ အငှားလိုက်ဘတ်စ်ကားတွေကိုသာ ဘုရားဖူးအဖွဲ့တွေ အားထားနေကြရတာပါ။လမ်းမကောင်းတာရယ်၊ကားမကောင်းတာရယ်၊မဆင်မခြင်မောင်းနှင်လေ့ရှိတဲ့ ဒေသခံ ကားသမားတွေရယ်ကြောင့် ယာဉ် တိုက်မှုဖြစ်လို့ ဘုရားဖူးတွေ ဒဏ်ရာအနာတရဖြစ်တာ၊ အသက်ဆုံးရှုံးရတာတွေကိုလည်း မကြာခဏ ကြားရလေ့ရှိပါတယ်။ ဘုရားဖူးအဖွဲ့တွေမှာ လိုက်ပါလာတဲ့သူအများစုဟာ အသက် ၅၀ နဲ့အထက် သက်ကြီးရွယ်အိုတွေပါဝင်လေ့ရှိတာကြောင့် ဒီလို အပူလွန်ကဲတဲ့ ရာသီဥတုမျိုးမှာ လေယာဉ်ပေါ်ကနေ ဂယာလေဆိပ်ကိုဆင်းတာနဲ့ အပူဒဏ်ကို ရုတ်တရက်ခံစားကြရပြီး မူးမော်သူတွေလည်း ရှိကြတယ်လို့ ဆိုပါတယ်။
ဆရာတော်က “ဒီအချိန်က ချောက်၊ ရေနံချောင်း ပူတာထက်ကို ပိုတာ။ နေထွက်တာနဲ့ ပူ။ နွေရောက်လာလေလေ ပိုပူလေလေ ပဲ။ ဒီအချိန် မလာသင့်တော့ဘူးဆိုတာ ဘုရားဖူးတွေက မသိကြဘူး။ အဆင်ပြေတယ်ပဲ ထင်ကြတာ။ ဒါကို ဘုရားဖူးလုပ်ငန်း လုပ်နေသူတွေက ဘုရားဖူးရပြီးရော၊ ငွေရပြီးရော မလုပ်ဘဲ သေချာရှင်းပြ ပြောပြသင့်တယ်”လို့ မိန့်ပါတယ်။ ပုံမှန်အားဖြင့် သံဝေဇနိယ လေးဌာနကို ခရီးတပတ် ပတ်ဖို့မှာ ၁၀ ရက်အထက်အချိန်ပေးရင် ဘုရားဖူးတွေလည်း သက်သောင့်သက်သာနဲ့ အေးအေးဆေးဆေး ဘုရားဖူးနိုင်ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒေလီမြို့နဲ့ ကာလကတ္တားမြို့ကိုပါ ခရီးစဉ်မှာ အပြိုင်အဆိုင် ထည့်သွင်းလာတာကြောင့် ခရီးစဉ်တခုကို ၁၅ရက်ကနေ ၁၈ ရက်အထိ ကြာမြင့်လာတယ်လို့ ဆရာတော်က မိန့်ပါတယ်။ဆရာတော်က “ဒေလီတွေ၊ ကာလကတ္တားတွေကို တဖွဲ့နဲ့ တဖွဲ့ သာအောင် အပြိုင်ဆိုင်ထည့်လာကြတာ။ ရက်တိုနဲ့တမျိုး၊ ရက်ရှည်တမျိုး။ ခရီးတွေ ရှည်ပြီး ဘုရားဖူးတွေ ပင်ပန်းတာပဲ အဖတ်တင်တယ်။ အခုလို ပူတဲ့အချိန်ဆို ပိုဆိုးတာပေါ့”လို့ မိန့်ပါတယ်။ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့တချို့ရဲ့ မြန်မာနိုင်ငံမှာတုန်းက ကြော်ငြာထားတဲ့ တည်းခိုနေထိုင်စရာ၊စားရေးသောက်ရေးစတဲ့ ၀န်ဆောင်မှုတွေနဲ့ တကယ့်လက်တွေ့မှာ ကွာခြားနေတာတွေ၊ အဖွဲ့တွင်းမှာပါလာတဲ့ အရေးကြီးပုဂ္ဂိုလ်တွေနဲ့ ခွဲခြားဆက်ဆံ ခံရတာတွေ၊ ခရီးစဉ်မှာပါတဲ့ နေရာတွေအတိုင်း မပို့ပေးတာတွေကြောင့် ဘုရားဖူးတွေနဲ့ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့တွေအကြား မပြေမလည်ဖြစ်ရတာတွေကလည်း ဒုနဲ့ဒေးပါပဲ။နိုင်ငံရပ်ခြားကို ဘုရားဖူးထွက်တယ်လို့ ပြောတဲ့အခါ အများစု အမြင်မှာက ကြီးကျယ်ခမ်းနားတဲ့ ဟိုတယ်၊တည်းခိုခန်း၊ ကောင်း မွန်တဲ့ စားသောက်ဖွယ်ရာတွေ၊ သက်သောင့်သက်သာရှိမယ့် ကားကြီးတွေနဲ့ သွားလာရမယ်လို့ တွက်ဆထားကြပေမယ့် အမှန် တကယ်မှာတော့ သံဝေဇနိယ လေးဌာနမှာ တည်ထားတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုရတာ၊ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့က စရိတ်ချွေတာစီမံလိုက်တဲ့ အစားအသောက်တွေနဲ့ အဆင်မပြေဖြစ်ရတဲ့အခါမှာတော့ စိတ်ချမ်းမြေ့စရာမရှိတဲ့ ဘုရားဖူးခရီးစဉ် ဖြစ်သွားရတယ်လို့ ဘုရားဖူးတယောက်က ဆိုပါတယ်။သူက“ခရီးစဉ်ကိုဝယ်တုန်းက သူတို့ပြောတာနဲ့ လက်တွေ့ကြုံရတာတွေက တခြားစီဖြစ်နေတယ်။ အဖွဲ့မှာ လူကများလွန်းတော့ ဘုရားဖူးလည်း ပုဆိန်ပေါက်ပဲ။ အကုန် သွားသုတ်သုတ်၊ စားသုတ်သုတ်နဲ့ဆိုတော့ စိတ်ရောလူရော အနားမရဘူး။ခရီးဝေးတော့လမ်းမှာစားဖို့ ထည့်ခဲ့တာတွေကလည်း အဆင်မပြေတာများတယ်။ကားကလည်း သက်သောင့်သက်သာမရှိတော့ ပင်ပန်းတယ်”လို့ပြောပြပါတယ်။ဘုန်းတော်ကြီးကျောင်းတွေမှာတည်းခိုရမယ်၊အခြားသူတွေနဲ့အတူတွဲနေရမယ်ဆိုတာ သူ့အနေနဲ့ သိနားလည်ထားပေမယ့် ဘုရားဖူးခရီးစဉ်တလျှောက် တခြားဘုရားဖူးအဖွဲ့တွေကလည်း တော်တော်များများရှိနေ၊ သူတို့ရဲ့အဖွဲ့လည်း လူ ၁၀၀ ကျော် ပါလာတာမို့ စိတ်ကျဉ်းကြပ်ရတယ်လို့ သူကဆိုပါတယ်။

Friday, 24 June 2011

24 kinds of Patthana English and Myanmar.

1= ဟေတု ပစ္စယ=The relation way of root.
2=အာရမ္မဏ ပစ္စယ=The relation of object.
3=အဓိပတိပစ္စယ=The relation of dominance. 
4=အနန္တရ ပစ္စယ=The relation of contiguity.
5=သမနန္တရ ပစ္စယ=The relation of immediate contiguity.